ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, February 10, 2024

ရုပ်သေးပွဲသွားရအောင်

 


ရုပ်သေးပွဲသွားရအောင်

Https://youtube.com/@thantunlayinde 


ရေး-ကန်မြဲကိုအေးကျော်

ဆို-ခင်အုန်းမြင့်လေး

..


ပင်ခေါင်တိုင် သပြေကိုင်းနဲ့ နေမှိုင်းလို့ ရွှေဝိုင်းက ဗေထိခေါ် တိုးဟေ့ ပျော်ပျော်

အရှေ့ရွာပေါ် စင်တော်ရုပ်သေး နောက်ညတွေ မမြင်ရရင် လွန်းရလိမ့်လေး  ၂


ရေခပ်ပြန် ကသီလှပေါ့ ဘီးမှန်ကဘယ်ဆီနေ ဒေါင်းတောက်အောင်မွှေ

စံပယ်ခွေ ဘယ်သူဖွက်ကြ စိတ်ပျက်ပေါ့အေ


အို ပြောစမ်းဟဲ့ ယောင်းမတွေ၊ လှောင်စမ်းနဲ့ ယောင်းမတွေ ငိုချင်ပေါ့အေ


မောင်ကြီးရေ မောင်ကြီးရေ မောင်ကြီးရေ စောင့်ပါဦး

စံပယ်ခွေ ပန်ခဲ့အုံးမလေ တဘက်ပြာ ခြုံခဲ့အုံးမလေ


ဘုတ်ဝါနီနေညိုကျ ချောင်းရိုးစ ထန်းတောဆီ၊ လေးတွဲ့တွဲ့မြည်

လှည်းတန်းက တအီအီ စည်ပါတဲ့ ရုပ်သေး .. နွားညီနောင် ချိူကုတ်ကို ကြိုးလှုပ်ပါ့လေး


မိနှင်းယုံ ညီမလေး မွှေးပါဘိ တလှိုင်လှိုင် မွှေးပါဘိ တလှိုင်လှိုင်


ဆောင်ပန်းပေါ်ထိုင် ယိုင်နေပေါ့လေး လှည်းအဖေါ် ကြာရင်ဝေး ဟားတိုက်သံ မြိုင်မြိုင်လေး

မောင်းကြစို့ အပြေး မောင်းကြစို့ အပြေး မောင်းကြစို့ အပြေး


ဟဲ့ရာကျော် ဒိုးလေး ပြေးပါတော့လားဒီနွား

သယ်..ငါရိုက်လိုက်ရ


ဒီနွားငါ့သားနှစ်ကောင် 

ဟဲ့ .. ရုန်းပါတော့လားကွရှေ့က ရုန်းကွ..ရုန်းကွ (ဟေး...)


😎

သန်းထွန်းလေး ☆ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး