ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, January 6, 2024

ဆရာ့မှတ်စု ☆ Teacher's  diary (2014)


 ဆရာ့မှတ်စု ☆ Teacher's  diary 

https://t.me/koloneypoen/133


မှတ်စုစာအုပ်လေးတအုပ်ကိုအခြေတည်လို့ ဇာတ်အိမ်ဖွဲ့ထားတဲ့ 

Teacher's diary ဆိုတဲ့အမည်နဲ့ ထိုင်းကားလေးကို 

ညွှန်းဆိုပါရစေ


ကြည့်လိုက်ပါ ပေးရတဲ့ အချိန်ထက် များစွာသာလွန်တဲ့ ခံစားချက်ရမှာပါ


ဒီဇာတ်ကားက 

သဘာဝလွန်စွမ်းအားတွေ

သည်းထိတ်ရင်ဖို့ ဇာတ်ဝင်ခန်းတွေ

ကမ္ဘာကြီးကို ဖျက်ဆီးမဲ့သူတွေ 

ကာကွယ်မဲ့သူတွေ

ဂြိုလ်သားတွေ

စွမ်းရည်အထူးရှိတဲ့ ပုဂ္ဂိုလ်တွေ

ဆိုးသွမ်းမှုတွေ

ဂလဲ့စားချေမှုတွေ

ရယ်မောပျော်ရွှင်ဖွယ် ပြရုပ်တွေနဲ့ ထုံမွှမ်းထားတာမျိုးမဟုတ်ပါဘူး


ထိုင်းကားဆိုပေမယ့် ပေါက်နေတဲ့ထိုင်းကားတွေနဲ့လည်း အယူအဆခြင်းမတူဘူး

ပေါက်ဖို့ အောင်မြင်ဖို့ဆိုတာထက် 

ဖန်တီးသူက သူ့စိတ်ကူး သူ့အမြင်ကို စိတ်လွတ်လက်လွတ် ချပြထားတာမျိုး


မြန်မာကားတွေမှာ တွေ့နေကျအတိုင်းလိုပါပဲ

ဆရာနဲ့တပည့်ဆက်ဆံရေး

ဆရာတယောက်ရဲ့ ခံယူချက် 

ဆရာတယောက်ရဲ့ စိတ်ထားကို နူးနူးညံ့ညံ့ဖော်ပြထားတာမျိုးပါ


ရိုက်ကွင်းရိုက်ကွက် ကင်မရာအယူအဆတွေဟာလည်း အတော်နှစ်လိုဖွယ်ကောင်းတယ်


ငြိမ်နေတဲ့ ကင်မရာအယူအဆတခုက အဲ့ဒီလောက်အထိ နှစ်သက်စရာ ရိုက်ကွက်မျိုး 

ဖန်တီးနိုင်လိမ့်မယ်လို့ ဘယ်တုံးကမှ မထင်ခဲ့မိဘူး


ဒီကားကြည့်ပြီးမှပဲ သိလိုက်ရတာက ဇာတ်ကားကောင်းတကားဖြစ်ဖို့ 

ငွေကြေး နည်းပညာ စက်ပစ္စည်း ရုပ်ဝတ္ထု အထောက်အပံ့တွေထက် 

တွေးခေါ်နိုင်မှုနဲ့ ထွင်းဖောက်မြင်နိုင်စွမ်းကသာ ပိုပြီးအရေးပါမှန်းကိုပေါ့


ဒီကားကို ဖန်တီးသူကတော့

နီထီဝပ်  ထာရထောင်န် (Nithiwat Tharathorn) ဖြစ်ပြီး


ဇာတ်ဆောင်တွေအနေနဲ့

မင်းသား ဆူကရစ်  ဝီစစ်ကဲ (Sukrit Wisetkaew)

မင်းသမီး လိုင်လာ မူညစ်ဆခ် (Laila Boonyasak) 

တို့က ပါဝင်ပုံဖော်ပေးကြပါတယ်


#အရေးတော်ပုံအောင်တော့မည်

#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

================================

ကြာနီကန်ဆရာတော် ဦးဇဋိလ

https://www.facebook.com/profile.php?id=61553891251403


ကဗျာ ဆောင်းပါး

https://www.facebook.com/thanhtunlay.inde.09799871227


ဂီတစာဆိုမောင်ကြေးမုံ

https://www.facebook.com/profile.php?id=61550245496227&mibextid=9R9pXO

________

သန်းထွန်းလေး ☆ အင်းတဲရွာ 

G-mail      - Koloneypoe@gmail.com 

Blog         -Http://koloneypoe.blogspot.com

Youtube    -https://youtube.com/@thantunlayinde

Facebook  -https://www.facebook.com/ThanTunLayANKGold09799871227 

================================

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး