ကြည့်ရန်
၂၉၃ (ညီညွတ်ခြင်းရဲ့ အန္တရာယ်များ)
...
rm ကို ဟာသသက်သက် လျှောက်ပြေးလွှားနေတာပဲ
စသည်ဖြင့်ပြောသူတွေကို ဒီအပိုင်းသာပြလိုက်ပါ
rm ပရိတ်သတ်တွေက ဘာကြောင့် သည်းသည်းလှုပ်ကြိုက်နှစ်သက်ရလည်းဆိုတာ
သူတို့သိလာပါလိမ့်မယ်
ပြိုင်ပွဲရဲ့ အမည်က ညီညွတ်ခြင်းရဲ့အန္တရာယ်များပါ
ညီညွတ်တာမကောင်းဘူးလား သိပ်ကောင်းတာပေါ့
လူမှုအသိုင်းအဝိုင်းမှာ မညီညွတ်မှုကြောင့်
စောင်းမြောင်းပြောဆိုမှုတွေ
ခိုက်ရန်ဖြစ်ပွားမှုတွေ
မငြိမ်ချမ်းနိုင်တဲ့ စစ်မက်တွေ ဖြစ်ပွားနေရတာမဟုတ်လား
ဒါပေမယ့် ဒီအပိုင်းမှာတော့ ညီညွတ်မှုကနေ ဖြစ်ပေါ်လာနိုင်တဲ့
အန္တရာယ်ကို ချပြထားတယ်
အဖွင့်မှာကတည်းက ဂျာမန်မှာ အမုန်းတရားကနေ အခြေခံဖြစ်ပေါ်လာတဲ့ ညီညွတ်မှုကနေ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့အထိ ဖြစ်သွားတဲ့ ဟစ်တလာနဲ့စဖွင့်ပါတယ်
ဆန့်ကျင်ဘက်ကို အားပေးထောက်ခံသူတွေအတွက် ပစ်ဒဏ်ပေးတဲ့
အာဏာရသူတို့ရဲ့ သေးသိမ်တဲ့ သဘောထားတွေ
အလေးသာရာဘက် ပြောင်းလည်းသွားတတ်တဲ့
လော်ဘီတွေ
ခေါင်ဆောင်တစ်ယောက်ရဲ့
ဝေခွဲရခက်တဲ့ ပြဿနာတွေ (ဂျီဆော့ဂျင်း)
ကို အပိုင်းလိုက်ခွဲခြာပြီး ဟာသသဘောနဲ့ တင်ဆက်သွားတာ
သိပ်ပညာသားပါတယ်
ကိုရီးယားရဲ့ နိုင်ငံရေးရေချိန်ဟာ ဒီမှာထက် သာလွန်ကြောင်းကိုလည်း
ဒီအပိုင်းကြည့်တော့ ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သာတယ်
ဒီမှာက ညီညွတ်ဖို့ စေ့စပ်ညှိနှိုင်းလို့ကို မရနိုင်သေးချိန်မှာ
သူတို့က ညီညွတ်ခြင်းရဲ့ အန္တရာယ်ကိုတောင် သုံးသပ်နေကြပြီမဟုတ်လား
နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်

No comments:
Post a Comment