၂၆၀ -၂၆၁
.............
မျက်လုံးလေးမှိတ်လို့ အတိတ်ကာလတွေကိုပြန်တွေးကြည့်
အဖြစ်အပျက်တွေ စီကာစဥ်ကာပေါ်လာသည့်တိုင်
ဖြစ်စဥ်အရှည်ကြီးကို ဗီဒီယိုတခုလို အစဥ်အဆက်မှတ်မိတာမျိုးမရှိနိုင်ပါဘူး
၃စက္ကန့်လောက်အခိုက်အတန့်လေးတွေကိုပဲ
မှတ်မိနိုင်ပါတယ်
ဒီလောက်နှစ်တွေကြာအောင် နေထိုင်လာပေမယ့်
တကယ့်တကယ်ပြန်တွေကြည့်တော့ ၁၀ ခုလောက်သာ မှတ်မှတ်သားသား
ထင်ကျန်ခဲ့တာ အံ့သြစရာတော့အကောင်းသား
ကျန်အချိန်တွေကကော မနေထိုင်ခဲ့လို့လား
မရှင်သန်ခဲ့လို့လား ဒီလိုတော့လည်းမဟုတ်ပြန်
အတိတ်တချိန်က အင်မတန်ဝမ်းနည်းခဲ့ရတာတွေ
ပျော်ရွှင်ခဲ့ရတာတွေက ယခုလက်ရှိပြန်တွေးကြည့်တော့
ဘာမှမဟုတ် တချို့အကြောင်းအရာဆို ဇွတ်ညှစ်အစဖော်ရတာမျိုး
ကိုယ်မှတ်မိနေတာလေးတွေကလည်း
TV တခုကြည့်နေသလိုပါပဲ
ကိုယ်ပါတဲ့မြင်ကွင်းတခုကို အပေါ်စီးက ဘေးကကြည့်နေသလိုမျိုး
ကလေးဘဝက ကိုယ့်မျက်နှာကြီး မှတ်မိလိုမှတ်မိ
အဲ့ဒီမြင်ကွင်းကို ဘယ်လိုစိတ်က မှတ်တမ်းတင်ထားသလဲမသိ
ကိုယ်ရဲ့အနီးအပါမှာ ကိုယ်ထပ်ရှိနေလို့လားမဖြေနိုင်
အမှန်က ကိုယ်မြင်တွေ့ခဲ့အတိုင်းမှတ်မိရမယ်ဆိုရင်
ကိုယ်ကပါစရာအကြောင်းမရှိ
ဘာကြောင့်လည်းဆိုတော့ လူဆိုတာ ကိုယ့်ကိုယ်ကိုမှမမြင်နိုင်တာ
ဒီလိုဆိုတော့လည်း
မှတ်ဉာဏ်တွေကရယ်စရာတော့အကောင်းသား
ထားပါတော့ နိဒါန်းရှည်လျှားသွားတာခွင့်လွှတ်ပါ
ခုက အဖြစ်အပျက်လေးတခုက ဖြစ်စဥ်ကြီးတခုလုံးကို
ဖုံးကွယ်သွားစေတဲ့အထိအားကောင်းသွားတဲ့ Running Man ရဲ့
အထူးပြင်ဆင်ထားတဲ့ အပိုင်းကြီးနှစ်ပိုင်းကို မိတ်ဆက်ပေးချင်လို့ပါ
၂၆၀ - ၂၆၁ ပါ
ဒီနှစ်ပိုင်းက သာမန်ညောင်းညအပိုင်းတွေနဲ့မတူပါဘူး
RM ရဲ့ ငါးနှစ်ပြည့်အထူးပွဲအနေနဲ့
နိုင်ငံတွင်း စီးရီးခွေ သန်းချီရောင်းရခဲ့တဲ့ ထင်ရှားကျော်ကြားပြီးသား
ဒိတ်ဒိတ်ကြဲအဆိုတော်တွေကိုဖိတ်လို့
Pd တို့က အားကောင်းကောင်းနဲ့ကို ပြင်ဆင်ခဲ့တာပါ
နောက်ထပ်ထူးခြားချက်က ရိုက်ကူးနေစဥ်အတွင်းမှာပဲ
လီကွမ်ဆူရဲ့VJ ယုံဆန်း ရဲ့ကလေးမွေးဖွားခဲ့ပါတယ်
ဒါပေမယ့်လေ ဒါပေမဲ့ပေါ့
ပရိတ်သတ်တွေ မှတ်မိနေတာက တမျိုးပါ
ခုပြောပြလိုက်ရင် Runner တို့လည်း ချက်ချင်းမျက်လုံးထဲပြေးမြင်မယ့်
၃ စက္ကန့်လောက်သာရှိတဲ့ ပြကွက်လေးက
ဒီအထူးပြင်ဆင်ထားတဲ့ အပိုင်းကို
အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို လွှမ်းမိုးသွားပါတော့တယ်
*** သရဲအိမ်ထဲမှာ VJ ဂွန်လျော ကြောက်အားလန့်အားနဲ့ပြေးရင်း
ယူဂျယ်ဆော့ကို တက်နင်းမိတဲ့အပိုင်းလေ ***
#နှာခေါင်းနှံကောင်ဗလရုပ်ဆိုးဂျပုလပ်ကီးလောရှည်
#အရေးတော်ပုံအောင်တော့မည်
#စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်

No comments:
Post a Comment