2021 စစ်အာဏာသိမ်းမှုကို လက်မခံနိုင်ကြောင်း စာရွက်လေးတွေကိုင် ၊ ဆိုင်းဘုတ်လေးတွေကိုင်ပြီး ငြိမ်းချမ်းစွာနဲ့ ကိုယ့် ဆန္ဒကိုထုတ်ဖော်ကြတဲ့ လူထုအပေါ် ခေါင်းတည့်တည့်ကို ချိန်ပြီး Pyit သ-တ် ၊ နောက်ကနေ လ- က် န- က်နဲ့ချိန်ပြီး လမ်းပေါ်မှာ လေးဘက်ထောက်သွားခိုင်း ၊ ဘယ်ကောင် ေ-သ ရဲ လဲ ေ-သ ရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လ-က် န-က်နဲ့ ခြိမ်းခြောက် ၊ ပရဟိတအကျိုးဆောင် လူနာသယ်ယာဉ်ထဲက လူငယ်တွေကို ေ-သ န-တ် ဒင်နဲ့ ထု ၊ ရိုက် နှက် ၊ အနိုင်ကျင့် ၊ ဆေးကျောင်းတက်နေဆဲ ရှေ့အနာဂတ် တလူလူ နဲ့ ဆရာဝန်လောင်း လူငယ်လေးကို ရက်ရက်စက်စက် pyit သ-တ် ၊ လူမမယ် အရွယ် ကလေးငယ်တွေပါ မချန် သ-တ်ပ-စ်ခဲ့ကြတဲ့ အဖြစ်ပျက်တွေက အခုချိန်ထိ မနေ့တနေ့ကလိုပဲ ကျွန်မ စိတ်ထဲ ရှိနေဆဲ ပါ…
ဒီအကြောင်းအရာတွေ ၊ မှတ်တမ်း ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေဟာ ဘယ်တော့မှ ပျောက်ပျက်မသွားပါဘူး …..
ဒါပေမယ့် …. ဒါပေမယ့်ပေါ့လေ ….
လူတချို့ဟာ
ရန်ကုန်လို အထင်ကရ မြို့ပြ ၊ မြို့လယ်ခေါင်မျိုးမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအရာတွေကိုတောင် မေ့နိုင်ကြတယ်ဆိုရင် တောထဲမှာ လူသိရော ၊ လူမသိရော အသက်ဆုံးရှုံးကြရတဲ့ ကလေးတွေ ၊ လူငယ်တွေ ၊ စစ်ဘေးရှောင် မိသားစု အများအပြား ကို ဘယ်လို စိတ်နဲ့ သတိရနိုင်ကြပါတော့မလဲ …
အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့ ဆိုတဲ့ ကတိစကားကြောင့် မိမိတို့ ဘဝကို တိုင်းပြည်ရှေ့ရေးအတွက် ချရင်းပေးခဲ့သူတွေ ... အခု ဒုက္ခရောက်နေကြတဲ့ CDM တွေ ၊ ဒီလို သတ္တိခဲတွေကို မေ့နိုင်ကြတယ်ဆိုတာ အဲ့ဒီ လူတချို့အတွက်တော့ မခက်ခဲတဲ့ အရာတခုပါပဲ …..
ဒီအဖြစ်ပျက် ၊ ဒီအရာတွေဟာ ကျွန်မ အတွက်တော့ နေ့စဉ် ချောင်ပိတ်မိနေတဲ့ စိတ်ရဲ့ အကျဉ်းခန်း ၊ တာဝန်ယူဖို့ ကြိုးစားရင်း လှောင်ပိတ်မိနေတဲ့ ဒဏ်ရာ အကျဉ်းခန်း ပါပဲ ..
စိတ်လျှော့ပြီး ပြန်ချင်တဲ့ စိတ် ဖြစ်တာ အကြိမ်ကြိမ် မှာ ဒီလိုအဖြစ်အပျက်တွေကို မေ့ပစ်လိုက်ဖို့ စိတ်ကို လုံရဲ့လား ကိုယ့်ကိုကိုယ် မေးမိတဲ့အခါ မှာ သတ္တိမရှိပါဘူး ဆိုတဲ့ ကျွန်မဟာ ဒီထက်ဆိုးတဲ့ အခက်အခဲ လာလဲ ရင်ဆိုင်ဖို့ ခွန်အား ပြန်ပြည့်လာရတာပါပဲ …..
ကိုယ့်မိသားစုဝင်ထဲက တယောက်ယောက် နှိပ်စက်၊ အနိုင်ကျင့် ခံရသူ မဖြစ်သ၍ ကိုယ်မခံစားရဘူးဆိုရင်တော့ လူသားဆန်တဲ့ လူတွေ ဘယ်ဖြစ်နိုင်ပါ့မလဲ …
လူတယောက်မှာ အရေးကြီးဆုံးက လူသားဆန်တဲ့ ကိုယ်ချင်းစာ စိတ် ရှိဖို့ မဟုတ်လား …..
ကိုယ်တချိန်က ပြောခဲ့တဲ့ ၊ လုပ်ခဲ့တဲ့ အရာတွေကို ကိုယ့်ရဲ့ Facebook Wall ပေါ်မှာသာ Delete လုပ်လို့ရပေမယ့် ကိုယ့်တာဝန်မကျေမှု ကြောင့် ရတဲ့ စိတ်ပိုင်းဆိုင်ရာ အပြစ်ရှိမှု ၊ မလုံခြုံမှု ကိုတော့ Delete လုပ်လို့မရနိုင်ပါဘူး …
CDM လုပ်ခဲ့ကြသူတွေ ဆင်းရဲဒုက္ခအမျိုးမျိုးရောက်နေကြပေမယ့် ဆက်တိုက်နေကြဆဲ ၊ ဆက်လုပ်နေကြဆဲ ၊ ဆက်တောင့်ခံနေကြဆဲ အချိန်မှာ ကိုယ်တတ်နိုင်တဲ့ ဘက်က CDM ကို ကူညီသူအဖြစ် ရှိနေဖို့ ကြိုးစားနိုင်ပါတယ် …..
အခြား လိုအပ်နေတဲ့ ဘယ်နေရာ မဆို နိုင်ရာလေး ပါဝင်နိုင်တာပဲ မဟုတ်လား … အနည်းဆုံး ငွေမကုန်ပဲ ကလစ်လုပ်ပေးရုံ နဲ့ အများကြီး ပါဝင်ပေးနိုင်သေးတာပါပဲ …
လူတယောက်ချင်း တာဝန်မဲ့ကြလို့ ငါ မပါ လဲ ဆက်သွားနိုင်တာပဲ မထင်ကြပါနဲ့ ...
ကျွန်မတို့ လူတိုင်း ကို လို ပါတယ် …
ငါ့မှာ တာဝန်ရှိလို့လားလို့ မေးရင်
အမှန်တရားနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့ ၊ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီကို လိုလားတဲ့ လူသားတိုင်းမှာ ဒီတာဝန်ရှိပါတယ် …..
တောထဲတောင်ထဲနေ ၊ အစား အနေ ဆင်းရဲ ၊ ခြေလက်ကိုယ် ခန္ဓာအစိတ်အပိုင်း ဆုံးရှုံးရတဲ့ တေ ာ် လှ-န် ေ-ရး သမားတွေ မဖြစ်နိုင်ရင်လဲ ရပါတယ် …
ကျွန်မတို့ကို သစ္စာဖျက်ပြီး ထားခဲ့မယ့်
ဖောက်ပြန်ရေး သမားတွေ မဖြစ်ဖို့တော့ လိုတယ် မဟုတ်လား …..
ထားထက်ထက်
9 Oct 2023

No comments:
Post a Comment