သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 24, 2022

Teacher's diary 

ဆရာ့မှတ်စု ☆ Teacher's diary 

ကြည့်လိုက်ပါ ပေးရတဲ့ အချိန်ထက် များစွာသာလွန်တဲ့ ခံစားချက်ရမှာပါ

ဒီဇာတ်ကားက 
သဘာဝလွန်စွမ်းအားတွေ
သည်းထိတ်ရင်ဖို့ ဇာတ်ဝင်ခန်းတွေ
ကမ္ဘာကြီးကို ဖျက်ဆီးမဲ့သူတွေ 
ကာကွယ်မဲ့သူတွေ
ဂြိုလ်သားတွေ
စွမ်းရည်အထူးရှိတဲ့ ပုဂ္ဂိုလ်တွေ
ဆိုးသွမ်းမှုတွေ
ဂလဲ့စားချေမှုတွေ
ရယ်မောပျော်ရွှင်ဖွယ် ပြရုပ်တွေနဲ့ ထုံမွှမ်းထားတာမျိုးမဟုတ်ပါဘူး

ထိုင်းကားဆိုပေမယ့် ပေါက်နေတဲ့ထိုင်းကားတွေနဲ့လည်း အယူအဆခြင်းမတူဘူး
ပေါက်ဖို့ အောင်မြင်ဖို့ဆိုတာထက် ဖန်တီးသူက သူ့စိတ်ကူး သူ့အမြင်ကို စိတ်လွတ်လက်လွတ် ချပြထားတာမျိုး

မြန်မာကားတွေမှာ တွေ့နေကျအတိုင်းလိုပဲ 
ဆရာနဲ့တပည့်ဆက်ဆံရေး ဆရာတစ်ယောက်ရဲ့ ခံယူချက် 
ဆရာတစ်ယောက်ရဲ့ စိတ်ထားကို နူးနူးညံ့ညံ့ဖော်ပြထားတာမျိုးပါ

ရိုက်ကွင်းရိုက်ကွက် ကင်မရာအယူအဆတွေဟာလည်း အတော်နှစ်လိုဖွယ်ကောင်းတယ်
ငြိမ်နေတဲ့ ကင်မရာအယူအဆတစ်ခုက အဲ့ဒီလောက်အထိ နှစ်သက်စရာ ရိုက်ကွက်မျိုး ဖန်တီးနိုင်လိမ့်မယ်လို့ ဘယ်တုံးကမှ မထင်ခဲ့မိဘူး

ဒီကားကြည့်ပြီးမှပဲ သိလိုက်ရတာက ဇာတ်ကားကောင်းတစ်ခုဖြစ်ဖို့ ငွေကြေး နည်းပညာ စက်ပစ္စည်း ရုပ်ဝတ္ထု အထောက်အပံ့တွေထက် တွေးခေါ်နိုင်မှုနဲ့ ထွင်းဖောက်မြင်နိုင်စွမ်းကသာ ပိုပြီးအရေးပါမှန်းကိုပေါ့

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး