ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Thursday, May 12, 2022

မလာပါနဲ့



 အပန်းဖြေခရီးလား

ငွေဆောင် ချောင်းသာ ကြိုက်ရာသွား

အပန်းပြေမှာ မုချ

လန်းစေမှာ စိတ်ချ


ဘုရားဖူးမတဲ့လား

စေတီဘုရား အစုံသွား

ပျော်ချင်လို့လား အဖော်မင်လို့လား 

ဒါမှမဟုတ် ကုသိုလ်လို့ပဲ တံဆိပ်တပ်မလား


ဒီအချိန်မှာ စစ်ကိုင်းဘက် ယောင်လို့တောင် ခြေဦးမလှည့်နဲ့

အိုဇုန်းလွှာအပေါက်အောက် 

တည့်တည့်ရောက်နေတာမို့


တိရစ္ဆာန်တွေလည်း သေရ

လူတွေလည်း အခြေမလှ

ရွာတွေလည်း ပြာကျ


ဗုံးသံကြောင့် မြေတုန်

ကျည်ဆန်ကြောင့် ရင်တုန်

သောကအစုံစုံနဲ့ဒီဘဝ 


ယမ်းနံ့နဲ့မီးခိုးတွေကြား

ပြေးရ လွှားရ 

အော်ရ ဟစ်ရ

သေကြ ကျေကြ

အစာငတ် ရေငတ်ဘဝတွေမို့


ဒီမှာက...

အပန်းဖြေစရာမရှိ

ပျော်စရာနတ္ထိ

သန်းထွန်းလေး □ အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး