သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, December 11, 2021

အာဇာနည်တောင်တန်း (C-314)





အရှေ့တရိုးကနေ စီးမိုးပြီး ရွာကိုကာကွယ်ပေးတဲ့ 

ဟိုတောင်ပေါ်ရိုးစီမှာ မြူခိုးတွေဝေနေတယ်


ရွာ့အတွက်ကာကွယ်ဖို့ ကိုယ်လွတ်ဖို့မစဥ်းစား

ရှေးဆုံးကကာကွယ်ဖို့ တောင်တန်းပေါ်အပြေးအလွှား

အသက်များအပိုပါလေရော့သလား ညီကို


သူတို့ကာကွယ်ပေးခဲ့တဲ့ အသားထဲကလောက် 

သောက်ဒလံကောင်တွေကြောင့် ကျဆုံးရသတဲ့လား


နောင်တချိန်

အရုဏ်ကျင်းလင်းလို့ ထရံကြားကတိုးလာတဲ့

နေပေါက်လေးတွေဟာ အာဇာနည်တို့ ဝိဉာဥ်ကို စီးဖြတ်လို့ 

အနွေးဓါတ်ရတဲ့အကြောင်း တသသသတိရနေမှာပါ


အခုတော့

အရှေ့တဝှမ်းက တောင်တန်းကြီးထက်မှာ

အာဇာနည်ညီကိုတို့သတ္တိကြောင့် 

မြူခိုးလျံတက် ညှို့မှိုင်းလျှက်


သန်းထွန်းလေး ● အင်းတဲရွာ

No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး