သန်းထွန်းလေး ☆ အင်းတဲရွာ

သန်းထွန်းလေး ☆ အင်းတဲရွာ
Than Tun Lay .INDE

Saturday, October 2, 2021

က သတ် ပ သတ် တ သတ် နှင့် ကိုယ်ပိုင်အလာ့ဂျစ်များ






ကျွန်တော်တို့က စာတွေကို သတ်ပုံတွေကို ဖေ့ဘုတ်မှာရေးရင် နော့ရေးရင်း ကညော့ရေးရင်းက သာမန်စကားလုံးတွေမှာတောင် အချို့တွေမှာ အမှားအမှန်မကွဲပြားကြတော့တာ ရင်နာစရာကောင်းတယ်

လူတွေစာမဖတ်ကြဘူးဆိုတာ ကျွန်တော်လက်မခံပါဘူး ဖေ့ဘုတ်မှာ တယောက်နဲ့တယောက် ပြောဆိုဆက်သွယ်ရာမှာ အများအားဖြင့် စာနဲ့ရေးသား ဆက်သွယ်ရတာမဟုတ်လား

ပုံနှိုပ်စာပေထက် ဖေ့ဘုတ်ကစာပေတွေကိုဘဲ အဖတ်များနေရင်းက နော့ရေးတဲ့ ကညော့ရေးတဲ့စာတွေ သတ်ပုံတွေကို ဖတ်မိမှတ်မိရင်း သတ်ပုံအမှားတွေ ဖြစ်လာရတာလို့ထင်ပါတယ်

ဘာမှမဟုတ်တဲ့ သာမန်စာလုံးပေါင်းတွေမှာတောင် လွဲမှားနေတာတွေ့တိုင်း စိတ်ထဲမှာခိုးလိုးခုလု မရိုးမရွနဲ့ အတော်နေရထိုင်ရမသက်မသာဖြစ်မိတယ်

......

ကသတ်နဲ့တသတ်.... အမှားဆုံးက လုပ်တတ်တယ် ဆိုတဲ့စကားစုပါ
ဒီနေရာမှာ လုပ်တက်တယ်လို့ က သတ်နဲ့ရေးကြတာ အတော်များများတွေ့နေရတယ်

တသတ်က
လုပ်တတ် ကိုင်တတ် ပြောတတ် ဆိုတတ် စသည်ဖြင့်
ကျွမ်းကျင်ပိုင်နိုင်ရာကို ပြတာပါ

ကသတ်က
တက်တာ သစ်ပင်ပေါ်တက် အိမ်ပေါ်တက် စသည်ဖြင့်
အမြင့်ပေါ် တက်ရာမှာ သုံးတာ

........

ကသတ်နဲ့ပသတ်... မင်းထက်ပိုတယ်
ဒီနေရာမှာ ရေးကြတာက မင်းထပ်ပိုတယ်လို့ ပသတ်နဲ့ ရေးကြတယ်

ပသတ်က
အပေါ်ထပ် အောက်ထပ် ဆိုတဲ့ တည်နေရာပြတာပါ

ကသတ်ကမှ
သူ့ထက် ကိုယ့်ထက် နှိုင်ယှဥ်ပြတာပါ


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

ဝိညာဉ်မဲ့

  ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့်  မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့်  ညစ်ပတ်သူတို့ရဲ့ စုဝေ...

အထူး