ကိုလေး ☆ အင်းတဲ

ကိုလေး ☆ အင်းတဲ
Than Tun Lay .INDE

Saturday, November 16, 2019

ကကြီး

​ဗမာဖတ်စာထဲက ပထမဆုံးသော ကကြီးဆိုတဲ့ ဒီအက္ခရာမှာ စိတ်ဝင်စားစရာ အရည်အသွေးတွေ အရည်အချင်းတွေကအများသားဗျ

ကျန်အက္ခရာတွေမှာ အကြီးရှိလို့ အငယ်ရှိပေမယ့် ဒီအက္ခရာ ကကြီးကတော့ အဦးအစမို့ အလေးအမြတ်သဘောမျိုးနဲ့ ကြီးဆိုတဲ့ ဂုဏ်ပုဒ်တပ်ပြီး ခေါ်ဝေါ်တာလို့ဆိုတယ်

က ဆိုတဲ့ စကားလုံးက တစ်လုံးတည်းလည်း အဓိပ္ပါယ်ရှိတယ်
သူ က တာ သိပ်ကြည့်လို့ကောင်းတယ်
ဒီနေရာမှာ က ဆိုတာ စည်းချက်တကျ အချိုးကျနာစွာ လှုပ်ရှားမှုတွေဟန်ပန်ကို ဆိုလိုတယ်

ပြီးတော့ ကာလကိုလည်း ပြတတ်တယ်
မနေ့ က ဘယ်သွားခဲ့လည်း

နေရာ အတွက်ဆိုရင်
ဟိုပေါ် က ဖုန်းယူခဲ့ပေးပါ

ပမာဏကိုလည်းပြတတ်တယ်
အဲ့ဒါ ဒီထက်မ က ကြီးတယ် စသည်ဖြင့်ပေါ့

သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း


No comments:

သန်းထွန်းလေး (အင်းတဲရွာ)

အငွေ့စားသူ ။။ ထေရီ(Htei Ri)

  "အငွေ့စားသူ" ................... ထေရီ(Htei Ri)   •သယ်...ဟယ်..ဟယ်.....   ငါကိုယ်တော်မြတ်   တစ်ဇတ်ဇတ်ကယ်တုန်   မိတ်ကပ်ရယ်အဖုံသားနဲ...

အထူး