ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းမှာ ဆရာဆိုတာ အနန္တဆိုတဲ့ ကျေးဇူးအထူးပြုအပ်ရာ
ဂိုဏ်းဝင်ပါ မိဖ နဲ့သာမက ဘုရား တရား သံဃာနဲ့ပါ တန်းထူထား ပူဇော်အပ်ရာပေါ့
ဒါပေမယ့် မြန်မာအဘိဓာန်မှာဖွင့်တဲ့ ဆရာဆိုတဲ့ အဓိပ္ပါယ်မှာတော့ ကွဲပြားတဲ့ ဖွင့်ဆိုချက်တွေရှိတယ်ဗျ
ဆရာဆိုတဲ့ဝေါဟာရကို
၁ ပညာသင်ကြားပေးသူ သွန်သင်ဆုံးမနည်းလမ်းပြသူ
၂ ပညာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ
၃ ယဥ်ကျေးသမှုဖြင့် ခေါ်ဝေါ်ခြင်း ဆိုပြီး ဖွင့်ဆိုထားတယ်
ကျွန်တော်တို့ရဲ့ ရှိခိုးရာ ပူဇော်ရာ အလုပ်အကျွေးပြုရာဆရာဟာ ၁ သာဖြစ်ပါတယ်
၂ ကတော့ သူ့ရဲ့ပညာကို လေးစားသောအားဖြင့် ဂုဏ်ပြုခြင်းသဘောပါ
၃ ကတော့ ယဥ်ကျေးမှုဆိုတာထက် ရလိုမှု ကြောက်ရွံ့မှုအချို့ ပါကောင်းပါနိုင်တယ်လို့ထင်တယ် သူ့ရဲ့ဖွင့်ဆိုချက်နဲ့ ပတ်သက်ပြီး စိတ်မသက်မသာဖြစ်မိတာတော့အမှန်ပဲဗျ
အမှန်တကယ် ယဥ်ကျေးမှုအရဆိုရင် မြန်မာစာဟာ စကားလုံးကြွယ်ဝပါတယ် ဦး ဒေါ် အစ်ကို အစ်မ ညီ ညီမ တန်သည် သုံးနှုံးနိုင်တာပဲ မဟုတ်လား
ကျွန်တော်တို့ ယဥ်ကျေးမှုမှာ အမြင့်ဆုံးငါးပါးထဲက စံတစ်ခုကို တန်ဖိုးချလိုက်သလိုပဲ
လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလေးကမေးတယ် ဆရာဘာသောက်မလဲဗျ
စပယ်ယာကမေးတယ် ဆရာဘယ်မှတ်တိုင်မှာဆင်းမလဲဗျ
ခရီးသည်ကမေးတယ် ဆရာဆိုက်ကားအားလားဗျ
ဆိုက်ကားသမားလေးကမေးတယ် ဆရာဘယ်သွားမှာလဲဗျ
အရောင်းစာရေးမလေးကမေးတယ် ဆရာဘာအလိုရှိပါသလဲရှင့်
စသည်စသည်ဖြင့် ဆရာတွေခွန်းခြင်းထပ် ဘုံးပေါလအောသုံးနေရကနေ အစပြုပြီး ဆရာဆိုတဲ့ဝေါဟာရဟာ တန်ဖိုးကျဆင်းသွားတာလို့ ယူဆမိပါကြောင်း.....
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ် ရွှေပန်းထိမ်နှင့် ရွှေအရောင်တင်လုပ်ငန်း
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Wednesday, November 20, 2019
ဆရာ
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment