"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Monday, November 19, 2018
ဗမာတို့ရဲ့ ရက်မြတ်မင်္ဂလာ
""""""""""""""""""""""""""""
ပထမဆုံးအနေနဲ ဗမာ့ရက်မြတ်မင်္ဂလာကို တွက်ချက်နိုင်ဖို့အတွက် ဗမာ့အက္ခရာဗျဉ်း ၃၃ လုံးကို နေ့နံအလိုက်မှတ်သားထားဖို့ လိုပါတယ်
တနင်္လာ . က- ခ- ဂ- ဃ- င
အင်္ဂါ စ- ဆ- ဇ- ဈ- ည
ဗုဒ္ဓဟူး . ယ- ရ- လ- ၀ ( ဠ )
ကြာသာပတေး ပ - ဖ- ဗ- ဘ- မ
သောကြာ . သ- ဟ
စနေ တ- ထ- ဒ- ဓ- န ( ဋ- ဌ- ဍ- ဎ- ဏ )
တနင်္ဂနွေ . အ ( ဥ - သြ )
() အတွင်းက အက္ခရာများကတော့ သံတူစကားလုံးများဖြစ်တဲ့အတွက် ထိုနေ့နံမှာပဲ အကျုံး၀င်ပါတယ်
( ရာဟုရဲ့ အက္ခရာကတော့ ရ သာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ရဲ့ မွန်းလွဲချိန်မှ နောက်တစ်ရက် မစတင်မီအချိန်ထိပါ )
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဝါရမိတ္တူရက်
~~~~~~~~~~
ဝါရမိတ္တူရက်ဆိုတာ မကောင်းပါ ပြဿဒါးထက်တောင်ဆိုးတဲ့ ရက်ယုတ် ရက်ညံ့ဖြစ်ပါတယ်
နေ့နဲ့ရက်ပေါင်းလို့ ၁၃ ဂဏန်းကျတဲ့နေ့တွေကို ခေါ်ပါတယ်
မြန်မာလတိုင်းမှာ လဆန်းတစ်ခါ၊ လဆုတ်တစ်ခါ ရှိစမြဲပဲ
ဥပမာ တနင်္ဂနွေနေ့ ဝါရမိတ္တူကျတယ်ဆိုပါတော့
တနင်္ဂနွေက ၁၊ ဒီတော့ ၁၃ ဖြစ်ဖို့ ၁၂ လိုတဲ့အတွက် အဲဒီဝါရမိတ္တူရက်သည် လဆန်း၁၂ရက်သော်လည်းကောင်း လဆုတ်၁၂ရက်သော်လည်းကောင်း ဖြစ်ရမယ်
မိတ်ဖက်
~~~~~~~
အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း
ရန်ဖက်
~~~~~
ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ
ဆံပင်ညှပ်
~~~~~~~
မွေးနေ့သောကြာ၊ တနင်္လာ ကေသာဆံဖြတ် မပြုအပ်
ရေချိုး
•••••••
ငါ့သားရွှေတောင် ရေကိုရှောင်
အောင်စံဖြိုးရေချိုး
ဒါ လူနာများအတွက်ပြောတာ
ခေါင်းလျှော်ရက််
~~~~~~~~~~~~~
အိုးစည်တီး ပြီးအောင်လျှော်
အရောင်းအ၀ယ်
~~~~~~~~~~~~
လွမ်းပုံသာ ၀ယ်ပါဘိ
အောင်ကျော်စံနှောင်း မပယ်ကောင်း
အလုပ်အကိုင်အတွက် အချိန်အခါ
~~~~~~~~~~~~~~~~~~~~~~~~
အောင်သာနေမွန်းတည့်
ငါ့ရှင်သုံးချက်တီး
ဆွေပြည်တက်တုန်းခါ
နံလာနေထွက်၀င်
အောင်သာ တနင်္ဂနွေနဲ့ သောကြာနေ့မှာ မွန်းတည့်ချိန်
ငါ့ရှင် တနင်္လာ နံရာဟုမှာ သုံးချက်တီးအချိန်တဲ့
ဆွေပြည် အင်္ဂါနဲ့ ကြာသပတေးနေ့မှာ မနက်ပိုင်းနေတက်နေတုန်းအချိန်
နံလာ စနေနဲ့ ဗုဒ္ဓဟူးကတော့ နေထွက်ချိန်နဲ့ နေ၀င်ချိန်မှာ
မိမိရဲ့အလုပ်အကိုင် အကြံအစည်များကို အစပြုသင့်ပါတယ်
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရက်ရာဇာ
_________
တန်ခူး- သာလှ
ထွန်းပ- ကဆုန်
နယုန်- ညွန့်စ
အောင်လှ- ဝါဆို
သာလို- ဝါခေါင်
မြကောင်- တော်သလင်း
သီတင်းကျွတ်- ဆီ
သောရီ- တန်ဆောင်မုန်း
သာလုံး- နတ်တော်
မိနော်- ပြာသို
မိညို- တပို့တွဲ
ထဲ၀င်- တပေါင်း
ဆောင်တိုင်းကောင်းသည် ရက်ကောင်းရာဇာ့ရာဇာတည်း။
တန်ခူး သာလှ
သ ဆိုတဲ့အက္ခရာက သောကြာနံ
လ ဆိုတဲ့အက္ခရာက ဗုဒ္ဓဟူးနံ
ဖြစ်သည့်အတွက် တန်ခူးလမှာ သောကြာနေ့ နဲ့ ဗုဒ္ဓဟူးနေ့တွေဟာ ရက်ရာဇာဖြစ်ပါတယ်
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ပြဿဒါး
~~~~~~
ပြဿဒါး တွက်ဖို့အတွက် အရင်ဆုံး လတွေကို စီဖို့လိုပါတယ်
တမာ သက်ရင်း အင်ကြင်း ဆူးရစ်
__________________________________________________
တန်ခူး ကဆုန် နယုန် ဝါဆို
ဝါခေါင် တော်သလင်း သီတင်းကျွတ် တန်ဆောင်မုန်း
နတ်တော် ပြာသ ို တပို့တွဲ တပေါင်း
အထက်ပါအတိုင်း လတွေကို ဇယားချလိုက်ရင်
တမာရဲ့ အောက်မှာရှိတဲ့
တန်းခူး ၊ ဝါခေါင်၊ နတ်တော် လတွေမှာ
တ စနေ
မ ကြာသာပတေး ရက်တွေဟာ ပြဿဒါးနေ့တွေပါ
•••••••••••••••••••••••••••••••••••••••••••••••••••••••
နဂါးလှည့်
~~~~~~~
နဂါးခေါင်းက ၃ လ တစ်ခါပြောင်းပါတယ်
ပေါင်း၊ ကူး၊ ဆုန် နောက်
န၊ ဝါ၊ ဝါ မြောက်
တော်၊ ကျွတ်၊ မုန်း ရှေ့
နတ်၊ ပြာ၊ တွဲ တောင်
••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဲ့ ဂြိုဟ်သက်
~~~~~~~~~
တနင်္ဂနွေ၊ ဂဠုန်၊ ရှေ့မြောက်ကြုံ၊ နေတုံ ၆ နှစ်မျှ။
တနင်္လာကျား၊ တစ်ဆယ့်ငါး၊ နေငြားအရှေ့မှာ။
အင်္ဂါခြငေ်္သ့၊ ရှေ့တောင်တွေ့၊ မရွေ့ ၈ နှစ်မျှ။
ဗုဒ္ဓဟူးဆင်၊ တောင်ရပ်ခွင်၊ နေချင် ၁၇ နှစ်။
ကြာသပတေးကြွက် ၁၉ သက်၊ နေလျက် မဥိ္ဇမ။
သောကြာမှာပူး မြောက်စူးစူး အထူးနှစ်ဆယ်။
စနေနဂါး နောက်တောင်သွား စွန်းကယ်တစ်နှစ်မျှ၊ (၂၁ နှစ်)။
ရာဟု ဟိုင်းဆို နောက်မြောက်ကို နေလို ဒွါဒဿ (၂၁ နှစ်)။
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကိုး + ဆရာသော်တာဆွေ
သန်းထွန်းလေး အင်းတဲရွာ
အောင်ညီကို ရွှေထည်စက်ဖြတ်လုပ်ငန်း
Koloneypoe@gmail.com
ွ
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment