"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Friday, November 23, 2018
ပြာသိုလပြည့်နေ့ ရှင်တစ်ထောင်အခါတော်နေ့
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳➳ ➳ ➳ ➳ ➳
အားလုံးက အမေနေ့ အဖြစ်ပဲ သိနေကြတော့ မတင်တော့ဘးူလို့ လုပ်နေတာပဲ
ဒါပေမယ့် ဗုဒ္ဓစာပေမှာ ဘယ်လိုသတ်မှတ်တာကို ညီ ညီမငယ်တို့ သိစေလိုတဲ့အတွက် မျှဝေလိုက်ပါတယ်
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
ဗုဒ္ဓဘုရားရှင်လက်ထက်တော် အခါက
ဥရုဝေလတော၌
ဥရုဝေလကဿပ ခေါင်းဆောင်သော ရသေ့ငါးရာ
နဒီကဿပ ခေါင်းဆောင်သော ရသေ့သုံးရာ
ဂယာကဿပ ခေါင်းဆောင်သော ရသေ့နှစ်ရာ
တို့သည်
လောကစီးဇိမ်ကို ပယ်စွန့်၍ တောရပ်တည်မှီး၍ လောကမှ ကင်းလွတ်စေသော မြတ်သောအကျင့်ကို ကျင့်သုံးရန် ရည်ရွယ်ချက်ဖြင့် တောထွက်လာပြသော်လည်း မြတ်သောအကျင့်ကို မတွေ့နိုင်ပဲ မမှန်မကန်သော နည်းများဖြင့် တောရပ်တည်မှီး
နေထိုင်သီတင်းသုံးနေကြသည်
မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီ တို့ကို တရာဟောကြားတော်မူအပြီး လောကတစ်ခွင့်ရှိ ကျွတ်လွတ်နိုင်သော သတ္တဝါ တို့အား ဉာဏ်တော်ဖြင့် ဖြန့်ကျက်တော်မူရာ ဥရုဝေလတောရှိ ကဿပ ညီနောင်တို့အား တွေ့လေ၏
ထို့ကြောင့် မဟာသက္ကရာဇ် ၁၀၃ ခု ပထမ ဝါဆိုတော်မူအပြီး တန်ဆောင်မုန်းလပြည့်နေ့တွင် ဥရုဝေလတောသို့ ကြွရောက်ခဲ့သည်
လောက ကဝတ်အရ ဥရုဝေလကဿပ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ လွန်စွာဆိုးသွမ်းသော
နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ပြုခဲ့သည်
နောက်တစ်နေ့၌ နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင်အသက်ဆုံးမည်ဟု ထင်၍ သွားရောက်ကြည့်ရှုကြရာ ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် နှိမ်နင်းပြ လိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစားအထင်ကြီးသွားကြကုန်၏
ထိုအခါမှ မြတ်စွာဘုရားသည် ကဿပ ညီနောင်နှင့်တကွ တပည့်အပေါင်းတို့အား တစ်ဖွဲ့ပြီးတစ်ဖွဲ့ မြတ်တရား ဟောကြား၍ မိစာၦဒိဋ္ဌိ အယူဝါဒများကို စွန့်လွှတ်လျှက် ဗုဒ္ဓသာသနာသို့ ဝင်ရောက်ကြလေ၏
ပြာသိုလပြည့်နေ့တွင် ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသ ကျောက်ဖျာပြင်၌
အာဒိတ္တ ပရိယာယ သုတ္တန် ဒေသနာအား ဟောကြား တော်မူရာ ကဿပညီနောင် နှင့်တကွ နောက်လိုက် ရဟနး် တစ်ထောင်တို့သည် အာသဝေါကုန်ခမ်း၍ ရဟန္တာဖြစ်ကြလေ၏
ထို့ကြောင့် ပြာသိုလပြည့်နေ့ ကို ရှင်တစ်ထောင်နေ့ အဖြစ်သတ်မှတ်ပါသည်
✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔ ✔
သန်းထွန်းလေး
အင်းတဲရွာ
Koloneypoe@gmail.com
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...
No comments:
Post a Comment