ဖာဂူဆန်၏ စာအုပ်တွင် ပါရှိသော အရေးကြီးအချက်များ
မန်ယူနည်းပြဟောင်း ဖာဂူဆန်ကိုယ် တိုင်ရေးသားထားသော ကိုယ်ရေးအထ္ထုပ္ပတ္တိ စာအုပ်ထဲတွင် အငြင်းပွားဖွယ်ရာ မှတ်ချက် များအပြင် တခြား စိတ်ဝင်စားဖွယ်ရာ အကြောင်းများလည်း ပါရှိနေကြောင်း CNN သတင်းဌာနက အချက် ၁၀ ချက် ဖြင့်သုံးသပ်ဖော်ပြခဲ့သည်။
၁။ ၀ိန်းရွန်နေး
ဖာဂူဆန်သည် အဲဗာတန်မှ ရွန်နေး အား အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အတွင်း နှစ်ကြိမ်ခေါ်ယူရန် ကြိုးစားခဲ့ရာ မအောင် မြင်ခဲ့ပဲ ၂၀၀၄ တွင်မှ ခေါ်ယူနိုင်ခဲ့သည်။ ဖာဂူဆန်က ရွန်နေးတွင် ထူးခြားသော အရည်အသွေး ရှိသည်ဟုဆိုပြီး သင်ကြား ရာတွင် နှေးကွေးသူဟုမှတ်ချက်ပြုခဲ့သည်။
၂။ ရွိုင်ကိန်း
ရွိုင်ကိန်းသည် မန်ယူတွင် ၁၉၉၃ မှ ၂၀၀၅ အထိ ကစားခဲ့သည်။ ဖာဂူဆန်က ရွိုင်ကိန်းမှာ အ၀တ်လဲခန်း အတွင်းတွင် အသင်းသားများအား လွှမ်းမိုးနိုင်သူဟု ချီးကျူးခဲ့သလို မန်ယူအတွက် အာရုံစိုက် မကစားသော အသင်းဖော်များကို ဝေဖန်ခဲ့ သောကြောင့် နှုတ်မစောင့်စည်းသော ဘော လုံးသမားတစ်ဦးအဖြစ် ဝေဖန်ခဲ့သည်။
၃။ ဒေးဗစ်ဘက်ခမ်း
ဖာဂူဆန်သည် ဘက်ခမ်းကိုဖိနပ်ဖြင့် မျက်ခုံးဒဏ်ရာရရှိအောင် လုပ်ခဲ့ဖူးပြီး မီဒီ ယာများကြောင့် ဘက်ခမ်းမှာ ဘောလုံးကို အာရုံစိုက်မှု အားနည်းခဲ့သည်ဟုဆိုခဲ့သည်။
၎။ ဆွာရက်ဇ်-အီဗရာ ပြဿနာ
လီဗာပူးမှ ဆွာရက်ဇ်သည် မန်ယူမှ အီဗရာကို လူမျိုးရေးခွဲခြားခဲ့၍ ၈ ပွဲပယ် ခံခဲ့ရသည်။ ဖာဂူဆန်က ဆွာရက်ဇ်ဘက် မှရပ်တည်ခဲ့သော လီဗာပူး၏ လုပ်ရပ်အား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
၅။ အင်္ဂလန်နည်းပြရာထူး
ဖာဂူဆန်က အင်္ဂလန်နည်းပြရာထူးကို နှစ်ကြိမ်ခန့် ကမ်းလှမ်းခံခဲ့ရသော်လည်း မိမိ မှာ စကော့လူမျိုးတစ်ယောက် ဖြစ်နေ၍ ယင်းသာကိုင်တွယ်မည်ဆိုပါက အင်္ဂလန်က ကမ္ဘာ့အဆင့် ၁၅၀၊ စကော့တလန်က ၁၄၉ ဖြစ်လိမ့်မည်ဟု ဟာသနှော၍ ပြောကြား ခဲ့ဖူးသည်။
၆။ စီရော်နယ်ဒို
ဖာဂူဆန်က မန်ယူတွင် ကစားခဲ့သော တိုက်စစ်မှူး စီရော်နယ်ဒိုသည် မိမိတွေ့ဖူး သမျှထဲတွင် အကောင်းဆုံးဘောလုံးသမား ဟု ချီးကျူးခဲ့သည်။
၇။ ဘာစီလိုနာ
ဖာဂူဆန်၏ မန်ယူသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဘာစီလိုနာအား နှစ်ကြိမ်ခန့် ရှုံးနိမ့်ခဲ့သည်။ ဖာဂူဆန်က ထိုက်တန်သော ရှုံးနိမ့်မှုဖြစ်ကြောင်း ၀န်ခံခဲ့သည်။
၈။ အဲရစ်ဆင်
ဖာဂူဆန်၏နေရာအတွက် အစားထိုး ရန် အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်အား အစားထိုးလိုသော်လည်း ဖာဂူဆန်က ပေါလ် စခိုးနှင့်တိုင်ပင်ပြီး ပယ်ချခဲ့သည်။
၉။ မော်ရင်ဟို
မော်ရင်ဟိုကြောင့် ပရီးမီးယားလိဂ် တွင် ချဲလ်ဆီးကွင်း၌ နိုင်ပွဲမရတော့ဟုဝန်ခံ ခဲ့သည်။
၁၀။ မန်စီးတီး
မန်စီးတီးအား ၂၀၁၂ တွင် ဖလားလွှဲ ပေးခဲ့ရ၍ အနားမယူခဲ့ဘဲ နောက်ရာသီတွင် ဖလားရရန် ကြိုးစားခဲ့ကြောင်းဆိုခဲ့သည်။
"မင်္ဂလာပါ"ကိုယ်ပိုင်ခံစားမှု သုတရသဆိုင်ရာ ကဗျာဆောင်းပါးများနှင့် စာပေဆိုင်ရာများ သမိုင်း အတ္ထုပ္ပတ္တိများ တင်ဆက်ပေးတာဖြစ်တဲ့အတွက် မုချအမှန်လို့မဆိုလိုပါဘူးဗျ ...⭐ တကိုယ်စာခံစားချက်သက်သက်သာဖြစ်ပါတယ်... 🌹သာယာသောနေ့ဖြစ်ပါစေ .. 💪အရေးတော်ပုံအောင်တော့မည် ...စစ်အာဏာရှင်မုချအဆုံးသတ်တော့မည်..
Tuesday, August 4, 2015
ဆာ အဲ လက်စ် ဖာဂူဆန်
Subscribe to:
Post Comments (Atom)
သန်းထွန်းလေး (အင်းတဲရွာ)
ဝိညာဉ်မဲ့
ဝိညာဉ်မဲ့ ........ သူ့သမီးကို ညစ်ပတ်မယ့် မစ္ဆရိယတသိုက်ရဲ့ စုဝေးရာဖြစ်လာမယ်ဆိုတာသိခဲ့ရင် ကျောင်းသားတွေကို ပစ်သတ်မယ့် ညစ်ပတ်သူတို့ရဲ့ စုဝေ...
အထူး
-
#သီတဂူဆရာတော်ဘုရားကြိး၏ #MP3တရားတော်များ_အပုဒ်ရေ_၁၁၀_ပါခဗျာ (၁)။“ဆုတ်ယုတ်လာသော ခေတ်ကို လေ့လာသုံးသပ်ခြင်း”- File size : 17.38 MB https :/...
-
#တြိစက္ကစာအုပ်များ (၄၁) အုပ်ပါခဗျာ (၁)တြိစက္က ဆယ့်နှစ်ကြိုးမှော်ရုံ http:// www.mediafire.com /download/p1bc9b3kera4yth/တြိစက္က_ဆယ့်နှစ်ကြိုး...
-
လရောင်ကျူးရင့် စာအုပ်များစုစည်းမှု( ၅၀ )အုပ်ပါခဗျာ ၁။သင့်အတွက်မနက်ဖြန် http:// www.freelibraryonline.com / force_download_m.php ?file=344...
-
လမင်းမိုမို စာအုပ်များ နှလုံးသားကိုချဉ်းနင်းတဲ့ခြေသံ http:// pc.cd /6KxrtalK ချစ်ခွင့်မရှိရင် http:// www.mediafire.com /download/2an78u...
-
#လွန်းထားထား စာအုပ်များ စုစည်းမှု ( ၃၂ )အုပ် ပါခဗျာ (၁) ချစ်သူကပြဌန်တဲ့_ချစ်ခြင်းယဉ်ကျေးမှု. http:// www.mediafire.com /download/ uloeegn1a...
-
စာပေဟောပြောပွဲ စုစည်းမှု ချစ်ဦးညို ချစ်ဦးညို http:// www.mediafire.com /download/ m1nikhhl4abnb3s / အနုပညာဖန်တီးသူနှင့် အနုပညာ ခံစားသူ...
-
ဒီနည်းလမ်း ၁၅ ခုဟာ လူတော်တော်များများ သိချင်တဲ့နည်းပါ သိမ်းထား Share ! 1 - Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသ...
-
"မျက်စေ့ အဆုံး နား အတုံး " မျက်စေ့ မမြင်ရ ရင် ဘဝ ဆုံးသလိုပါပဲ။ နားမကြားရရင်လည်း ဘဝ တုံး လူတုံးတစ်ယောက်လို ဖြစ်တတ်ပါသတဲ့ ခင်ဗျာ ...

No comments:
Post a Comment